မော်လမြိုင်မြို့ အထက(၉) ကျောင်း မီးလောင်

နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိတဲ့ မော်လမြိုင်မြို့ အထက(၉) ကျောင်း မီးလောင် Level 4အဆင့် မီးငြိမ်းသတ်ခဲ့ရတယ်လို့ မြို့ခံ မီးသတ်တွေက ပြောပါတယ်။

ဩဂုတ် ၃ ရက်နေ့ ည ၁၁ နာရီ မိနစ် ၄၀ ခန့်က မော်လမြိုင်မြို့ ပန်းဘဲတန်း ရပ်ကွက်အ.ထ.က (၉ )ကျောင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး Level 4အဆင့် မီးငြိမ်းသတ်ခဲ့ရရာ ယနေ့ဩဂုတ် ၄ ရက်နေ့ နံနက် ၂ နာရီခန့်မှ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။

ယနေ့ နံနက်ပိုင်းအထိ မီးလောင်မှု ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးဘူး လို့ဆိုပါတယ်။

အဆိုပါ အမှတ် ၉ အခြေခံပညာ အထက်တန်းကျောင်း မီးလောင်းမှုကြောင့် ကျောင်းကို ပိတ်ထားမှာဖြစ်ပြီး ကျောင်းဖွင့်မည့် ရက်အား ကျောင်းသူကျောင်းသားတွေကို ပြန်လည် အကြောင်းပေးသွားမယ်လို့လည်း သိရပါတယ်။

ယင်းကျောင်းမီးလောင်မှုကို မီးသတ်ယာဉ်၄စီး မီးသတ်ရေသယ် ယာဉ်၁၀စီး၊ လူမူကယ် ဆယ် ရေးရေသယ်ယာဉ်၆စီး၊စည်ပင်ရေသယ်ယာဉ်၄စီး၊ အပြင်ရေသယ်ယာဉ်၆စီး စုစု ပေါင်း ယာဥ်အစီး၃၀ ရေဂါလံ ၆၀၀၀၀ကျော်ဖြင့်အချိန်ကြာမြင့်စွာ ငြိမ်းသတ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

(မြန်မာ့ပလက်ဖောင်း)