မန္တလေး စွယ်တော်ကားဝန်းထဲက ပျောက်သွားတဲ့ ပေ ၄၀ နောက်တွဲယာဉ် ရန်ကုန် ဒဂုံဆိပ်ကမ်းက အမှိုက်ပုံနားမှာ ပြန်တွေ့

နိုဝင်ဘာလ ၈ ရက်

မန္တလေး စွယ်တော်ကားဝန်းထဲက ပျောက်သွားတဲ့ ပေ ၄၀ နောက်တွဲယာဉ်ကို ရန်ကုန် ဒဂုံဆိပ်ကမ်းက အမှိုက်ပုံနားမှာ ပြန်တွေ့တယ်လို သိရှိရပါတယ်။

မန္တလေး အမရပူရမြို့နယ်မှာ ပေ ၄၀ အရှည်ရှိ ကားတစ်စီး ခေါင်းတွဲ သွားပြင်နေစဉ် နောက်တွဲယာဉ်ကို မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ စွယ်တော်ကားဝန်းအတွင်း ရပ်ထားခဲ့ပြီးနောက် နိုဝင်ဘာလ ၃ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှုစဉ် ပျောက်ဆုံးနေခဲ့ပြီး ယနေ့မှာ(နိုဝင်ဘာလ ၈ ရက်) ရန်ကုန် ဒဂုံဆိပ်ကမ်းမြို့နယ် ၇၇လမ်း မြနန္ဒာလမ်း အမှိုက်ပုံနားတွင် ပြန်တွေ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ နောက်တွဲယာဉ် 1TLR 5248 အဖြူရောင် အပြာခါးပတ်ဆင်း ၃ ချောင်းတန်း နောက်တွဲယာဉ်ကို နိုဝင်ဘာလ ၂ ရက်နေ့ညက မန္တလေးစွယ်တော်ကားကွင်း ရတနာပုံဘဏ် မြောက်ဘက် ရပ်ထားခဲ့စဉ် ပျောက်သွားတာ ဖြစ်ပါတယ်။