ဘီးလင်းမှာ တွဲကားကို အိမ်စီးကားက ဝင်တိုက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ရွှေအင်တုန်ဂုံး အတက်မှာ အိမ်စီးကားက တွဲကားကို ဝင်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ယနေ့ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အဆိုပါ ယာဉ်တိုက်မှုမှာ အိမ်စီးကားပေါ် လိုက်ပါလာတဲ့ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး

ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးတွင် ပါဝင်သူ တစ်ဦးက ပြောပါတယ်။

“အိမ်ကားက ဘေးတိုက်ဝင်တိုးမိတဲ့ ပုံစံပါပဲ။ လေအိတ်တွေ ပွင့်သွားလို့ လူတွေ ဘာမှမဖြစ်တာ။

ထိခိုက်ဒဏ်ရာ ရပေမယ့် စိုးရိမ်ရတဲ့ အနေအထားမှာ မရှိပါဘူး” လို့ ၎င်းကပြောပါတယ်။

ဒဏ်ရာရရှိသူ နှစ်ဦးကို ဘီးလင်းမြို့ အရေးပေါ်ကယ် ဆယ်ရေးအဖွဲ့ စုစည်းအားမာန်မှ ဘီးလင်း ပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးထားတယ်လို့ သိရှိရပါတယ်ရှင်။