ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအား စားသောက် ဖွယ်ရာများနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် များအတွက် စားသောက်ဖွယ်ရာများပေးအပ်ခြင်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့် ပေးအပ်ခြင်းကို အောက်တိုဘာ ၄ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ တိုင်းခန်းမ၌ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။

စေတနာရှင် အလှူရှင်များက လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးက စေတနာရှင်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း မူးယစ်ဆေးဝါးကာကွယ် တာဆီးရေးလုပ်ငန်းများတွင် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက် နိုင်သည့် မြန်မာနိုင်ငံမူးယစ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။

ထို့ပြင် ကွမ်းလုံမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ကွမ်းလုံတပ်နယ်မှ တာဝန်ရှိသူများက အဆိုပါမြို့နယ်ရှိ စစ်မှုထမ်းဟောင်းရုံ၌ သွားရောက်တွေ့ဆုံပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး နယ်မြေခံဆေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါတယ်ရှင်။