တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ကျင်းပနိုင်ရေးပြင်ဆင်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ကျင်းပနိုင်ရေး

ပြင်ဆင်လျက်ရှိရာ ယမန်နေ့ညပိုင်းက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် တန်ဆောင်တိုင်မီးထွန်းပွဲတော်ပြသမည့် ရောင်စုံမီးအလှများကို ပုံစံမျိုးစုံ

ပုံဖော်ထားရှိမှုနှင့် ဈေးရောင်းပွဲတော်အတွက် ဆိုင်ခန်းနေရာများ ပြင်ဆင်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ တန်ဆောင်တိုင်မီးထွန်းပွဲတော်အား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကကြီးမှူး၍ လည်းကောင်း၊ ဈေးရောင်း ပွဲတော်အား

တိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန(MSME)၊  တိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာန၊ တိုင်းဒေသကြီး

သမဝါယမဦးစီးဌာနတို့ပူးပေါင်း၍လည်းကောင်း နိုဝင်ဘာ ၅ ရက်မှ ၇ ရက်ထိ ကျင်းပမည်ဖြစ်ရာ ဆိုင်ခန်းပေါင်း ၁၆၀ နှင့် MSME လုပ်ငန်းရှင် ၁၂၂ ဦးတို့က ပါဝင်ပြသရောင်းချကြမည်ဖြစ်ကြောင်း  သိရသည်။