နှစ် (၅၀) ပြည့် ရွှေရတုမွန်ပြည်နယ်နေ့

နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို၌ကျင်းပခဲ့ပြီး အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် နိုင်ငံတော်ကောင်စီဝင်များ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ပေးပို့သော သဝဏ်လွှာကိုဖတ်ကြားခဲ့တယ်လို့သိရပါတယ်။ #Crd