ရုရှားသမ္မတရွေးကောက်ပွဲအား မြန်မာနိုင်ငံမှ မီဒီယာအဖွဲ့ သွားရောက်လေ့လာ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ President of the Civic Chamber of the Russian Federation ၏ဖိတ်ကြားမှုအရ ရှရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲအား မြန်မာနိုင်ငံ မီဒီယာအဖွဲ့မှ သွားရောက်လေ့လာ သတင်းယူခဲ့ကြောင်း သိရပါတယ်။

မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်း၏ စီစဉ်ပေးမှုဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပသော ရှရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲအား သတင်းမှတ်တမ်း ရယူရိုက်ကူးရန်နှင့် ရုရှား နိုင်ငံအတွင်း မီဒီယာပိုင်းဆိုင်ရာ ပူးပေါင်းလေ့လာရေးများဆောင်ရွက်ရန်အတွက် မြန်မာမီဒီယာအဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို သို့ သွားရောက်ခဲ့တယ်လို့သိရပါတယ်။ #Crd