ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံနေရသည့် မြန်မာနိူင်ငံသား (၄၀၀)ကျော်အား ပြန်လည်ခေါ်ဆောင်

ယနေ့မနက်ပိုင်းတွင် ထိုင်းနိုင်ငံတွင်အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသည့် မြန်မာနိူင်ငံသား (၄၀၀)ကျော်အား နှစ်နိူင်ငံသဘောတူညီချက်ဖြင့် တာ၀န်ရှိသူများက သွားရောက်ခေါ်ဆောင်ကြရာ ပြည်တော်ပြန်များအား တနင်္သာရီတိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပြန်တော်ပြန်များ၏ မိဘဆွေမျိုး ညီအစ်ကိုမောင်နှမများက ကော့သောင်းမြို့၌ နွေးထွေးလှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။