ထုတ်လုပ်မှုသာမက လုပ်ငန်းအသစ်များပါ တိုးတက်မှုဘက်သို့ ပြန်လည်ဦးတည်လာကြောင်း အစီရင်ခံစာ၌ ဖော်ပြ

ဆက်တိုက်ကျဆင်းခဲ့သည့် မြန်မာ့ထုတ်လုပ်မှုကုမ္ပဏီများ၏ ထုတ်လုပ်မှုသာ မက လုပ်ငန်းအသစ်များပါ တိုးတက်မှု ဘက် သို့ ပြန်လည်ဦးတည်လာကြောင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွက် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းများအစီရင်ခံစာတွင် ဖော်ပြထားသည်။

S&P Global မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့်အဖွဲ့ တစ်ခုမှ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိသည့်ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ထားခြင်းဖြစ်ကြောင်း သိရသည်။

စျေးနှုန်းများကို လေ့လာကြည့်ပါက သွင်းအားစုတန်ဖိုးများ၏ ငွေကြေးဖောင်းပွမှုအရှိန်မှာ ကုန်ကြမ်းရှားပါးမှုများက ကုန်ကျစရိတ်များကို မြှင့်ပေးရန် တွန်းတင်နေသည့်အတွက် ဒီဇင်ဘာလမှစပြီး အရှိန်ပြန်ရလာခဲ့ကြောင်း၊ထိုအချက်ကို တုံ့ပြန်လျက် ကုမ္ပဏီများသည် ကုန်ကျစရိတ်များကို တစ်စိတ်တစ်ဒေသ ကာမိစေရန် မိမိတို့၏ရောင်းစျေးများကို တိုးမြှင့်ခဲ့ကြကြောင်း သိရသည်။

“ထုတ်လုပ်မှုနဲ့အော်ဒါအသစ်များအ သစ်တဖန်တိုးရလာမှုကို မှတ်တမ်းတင်ခဲ့တဲ့ ဇန်နဝါရီဒေတာက အကျဘက်ဦးတည်မှု အားပျော့လာတာကို အချက်ပြနေပါတယ်။ ထုတ်လုပ်မှုတိုးလာတဲ့နှုန်းက အနည်းငယ်မျှသာ ဖြစ်ခဲ့ပြီး ရှစ်လကြာ ဆက်တိုက်ကျ ဆင်းလာခဲ့မှုနောက်မှာ ဒီလိုတိုးထုတ်လုပ် နိုင်ခဲ့တာပါ”ဟု S&P Global Market Intelligence မှစီးပွားရေးပညာရှင် Maryam Baluch က ပြောသည်။

PMI၏ အကြီးဆုံးအစိတ်အပိုင်းနှစ်ခု ဖြစ်သော ထုတ်လုပ်မှုနှင့်အော်ဒါအသစ်များ တိုးလာခဲ့သည့်တိုင် အဓိကအကျဆုံး S&P Global မြန်မာထုတ်လုပ်မှုအညွှန်းကိန်း PMI- ထုတ်လုပ်ရေးစွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့်တစ်ခုတည်းသော အညွှန်းကိန်းမှာ ဇန်နဝါရီလတွင် ကိုးလဆက်တိုက် ကြားနေအမှတ် ၅၀.၀ ထက် နိမ့်သည့်နေရာတွင် ရှိနေခြင်းဖြင့် မြန်မာနိုင် ငံတစ်ဝန်းက လုပ်ကိုင်မှုအခြေအနေ ရှေ့ ဆက် ဆုတ်ယုတ်လာနေခြင်းကို ညွှန်ပြနေ ကြောင်း၊ မည်သို့ပင်ဖြစ်စေ ၁၅ လအတွင်း အနိမ့်ဆုံးဖြစ်ခဲ့သည့် ဒီဇင်ဘာလ၏၄၂.၁ မှ ဇန်နဝါရီတွင် ၄၉.၆ သို့ ထိုးတက်သွားမှု သည် အကျဘက်ဦးတည်မှုသိသာစွာ အား ပျော့သွားခြင်းကို အချက်ပြနေပြီး လွန်ခဲ့ သည့်နှစ် မေလမှစပြီး အားအပျော့ဆုံးကျ ဆင်းမှုကို မှတ်တင်းတင်ခဲ့သည်။

ဇန်နဝါရီဒေတာက မြန်မာနိုင်ငံအတွင်း ရှိ ထုတ်လုပ်ရေးလုပ်ငန်းများတစ်ဝန်းတွင် ထုတ်လုပ်မှုရော အော်ဒါအသစ်များပါ တိုး လာခြင်းကို ဖော်ထုတ်ပြသလိုက်သည်။ တိုးလာမှုနှုန်းမှာ အနည်းငယ်မျှသာဖြစ်ခဲ့သော်လည်း နောက်ဆုံးရည်ညွှန်းကိန်းများမှာ နှစ်နှစ်ခွဲနီးပါးအတွင်း ထုတ်လုပ်မှုတိုးလာခဲ့သည့် ဒုတိယလသာဖြစ်ကြောင်း၊ ပါဝင်သူ အများစုတို့၏အဆိုအရ စျေးဝယ်များဘက်မှ တိုးဝယ်လာမှုက တိုးထုတ်လုပ်ရန် မောင်းနှင်အားဖြစ်ခဲ့သည်။

ခြုံငုံသုံးသပ်ကြည့်ပါက လွန်ခဲ့သည့်နှစ် ကုန်ပိုင်းတွင် ထုတ်လုပ်မှုအခြေအနေများ ပြင်းထန်စွာ ကျဆင်းလာခဲ့ကြောင်း အစီရင်ခံမှု၏နောက်ပိုင်းတွင် ဇန်နဝါရီဒေတာက အခြေအနေ တည်ငြိမ်လာနေကြောင်း လက္ခဏာများ ပြသနေကြောင်း ဖော်ပြထားသည်။

crd;