မွေးမြူရေးအစာဈေး ဆက်တိုက်မြင့်တက်

မွေးမြူရေးအစာဈေးနှုန်းဆက်တိုက်မြင့်တက်လာတဲ့အတွက် မွေးမြူရေးလုပ်ငန်းတွေအပေါ် ရိုက်ခတ်မှုရှိလာပြီး သားငါးမွေးမြူရေးလုပ်ကိုင်တဲ့လုပ်ငန်းတွေ လျော့ကျလာတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

မွေးမြူရေးအစာဈေးနှုန်းမြင့်တက်တဲ့အတွက် မွေးမြူရေးဆက်မလုပ်တော့တဲ့လုပ်ငန်းရှင်တွေရှိသလို မွေးမြူထားတဲ့ အကောင်တွေ ရောင်းချပြီးပါက လုပ်ငန်းလျှော့ချတဲ့အနေနဲ့ အကောင်ရေအနည်းငယ်သာ လျှော့မွေးမြူတော့တယ်လို့ သိရပါတယ်။