KNU တပ်မဟာ (၁) မှ PDF ၁၄ ဦး အလင်းဝင်ရောက်

၂၀-၇-၂၀၂၃ ရက်နေ့တွင် KNU တပ်မဟာ (၁) နယ်မြေ၊ ရဲပြေး အေးမင်းထွန်း၏ လက်အောက်တွင် အလုပ်လုပ်ခဲ့သော PDF ၁၄ ဦးမှ အကြမ်းဖက်မှုများ မပြုလုပ်လိုတော့ကြောင်းနှင့် အေးချမ်းစွာနေထိုင်လိုကြောင်း လုံခြုံရေးအဖွဲ့ဝင်များထံ ဆက်သွယ်လာခဲ့သည်ဟု သိရှိခဲ့ရပါသည်။
ဆက်သွယ်လာသော သတင်းအချက်အလက်များရရှိပြီး မကြာမီ ၂၆-၇-၂၀၂၃ ရက်နေ့တွင် PDF ၁၄ ဦးမှ

  • RPG ၁ လက်
  • ခွင်းကျည် ၁ တောင့်
  • တင့်ဖျက်ကျည် ၁ တောင့်
  • အီတလီနိုင်ငံထုတ် ၉ မမ ပစ္စတို ၁ လက်
  • ကျည်အိမ် ၂ ခု
  • ၎င်းကျည် ၂၀ တောင့် တို့နှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရှိရပါသည်။