လူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်

ဂျီနီဗာမြိုမှာ ပြုလုပ်နေတဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ၅၂ ကြိမ်မြောက်အစည်းအဝေးမှာ တရုတ်နိုင်ငံကိုယ်စားလှယ်က နစက အစိုးရကို ကာကွယ်ပြီး မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ အရေးကိစ္စဟာ ပြည်တွင်းရေးသာဖြစ်ပြီး မြန်မာ့ပြဿနာတွေ ပိုမိုရှုပ်ထွေးသွားအောင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေနဲ့ မလုပ်သင့်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့ကြောင်း သိရပါတယ်..

အထူးသဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အမ်ဒရူးရဲ့ အစီရင်ခံစာကို ကန့်ကွက်ခဲ့ပြီး အထူးသံတမန်ဟာ တာဝန် ဝတ္တရားတွေကို ကျော်လွန်လုပ်ဆောင်ကာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို စော်ကားသလိုဖြစ်နေကြောင်း၊ အခြေအမြစ်မရှိ၊ အတည်ပြုလိုမရတဲ့ သတင်းအချက် အလက်အမှားများနဲ့ လိုရာစွဲ စွပ်စွဲချက်တွေနဲ့ ရေးသားထားတဲ့ အစီရင်ခံစာက ပုံကြီး ချဲ့ ထားခြင်းဖြစ်ကြောင်း၊ မြန်မာ့အရေးဟာ ပြည်တွင်း၌သာ အဖြေရှာသင့်ပြီး မြန်မာအပေါ် နိုင်ငံတကာက အရေးယူပိတ်ဆိုမှုတွေဟာ ဆိုးကျိုးရလဒ်များကိုသာ ရစေပြီး မြန်မာပြည်သူများအတွက် အကျိုးမရှိကြောင်း မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် အာဆီယံဘုံသဘောတူညီချက် ၅ ချက် အရသာ အဖြေရှာရန် လိုလားကြောင်း ပြောကြားခဲ့ပါတယ်..

မစ္စတာ တွမ်အမ်ဒရူးရဲ့ အစီရင်ခံစာမှာ နေအိမ်ပေါင်း ၅၈၀၀၀ ကျော် မီးရှိ ဖျက်ဆီးခံထားရပြီး လူ့အခွင့်အရေးချိုးဖောက်မှုကို နှစ်ဘက်စလုံးက လုပ်ဆောင်နေ ကြောင်းဖော်ပြထားပေမယ့် NUG၊ PDF အဖွဲရဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ အပြစ်မဲ့ ပြည်သူတွေကို tတ်ဖြတ်မှုတွေ ဖော်ပြထားခြင်းမရှိကြောင်း သိရှိရပါတယ်..