ရုရှားနှင့် ပူးပေါင်းခြင်းသည် သာမန်လုပ်ထုံးဖြစ်ကြောင်း မြောက်ကိုရီးယားပြော

ခေါင်းဆောင်ကင်ဂျုံအွန် ရုရှားသိုသွားရောက်ခဲ့ပြီးနောက် မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို၏ ပူးပေါင်းဆောင်ရွက်မှုများကိုဝေဖန်ခဲ့သည့် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုကို မြောက်ကိုရီးယားက စက်တင်ဘာ ၂၅ ရက်တွင် ပြင်းထန်စွာဝေဖန်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံအချင်းချင်း ရင်းနှီးသောဆက်ဆံရေးရှိခြင်းသည် သာမန်ဖြစ်ရိုးဖြစ်စဉ်သာဖြစ်သည်ဟုလည်း မြောက်ကိုရီးယားကပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားစဉ်အတွင်း တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုက ရုရှားအနေဖြင့် ယူကရိန်းစစ်ပွဲတွင် အကူအညီရရှိရန်အတွက် အပြန်အလှန်အနေဖြင့် မြောက်ကိုရီးယား၏ လက်နက်အစီအစဉ်များ တိုးမြှင့်တည်ဆောက်မှုကို အကူအညီပေးမည်ဆိုလျှင် တိုက်ရိုက်ရန်စမှုဖြစ်လာမည်ဟု ပြောကြားခဲ့သည်။