မြန်မာ ယူ-၂၄ အသင်းအား နစက ဥက္ကဋ္ဌ မှ ဆုကြေးငွေချီးမြှင့်

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြိုတွင် ကျင်းပလျက်ရှိသည့် (၁၉) ကြိမ်မြောက် အာရှ အားကစားပွဲတော် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အကောင်းဆုံး တတိယနေရာဖြင့် အုပ်စုအဆင့်မှ ကျော်ဖြတ်ပြီး နောက်တစ်ဆင့်သို တက်လှမ်းနိုင်ခဲ့သည့် မြန်မာ ယူ-၂၄ အသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် က ဆုကြေးငွေချီးမြှင့်ခဲ့ကြောင်း သိရသည်။ ၁၉၇၄ ခုနှစ် နောက်ပိုင်း အဆိုပါ အာရှအားကစားပွဲတော်များတွင် အုပ်စုအဆင့်မှသာ လှည့်ပြန်ခဲ့ရသည့် မြန်မာအမျိုးသားအသင်းသည် ၄၉ နှစ်အကြာ ၂၀၂၃ ခုနှစ် ရောက်မှသာ ယခုလို ဒုတိယအဆင့် ၁၆ သင်းသို ပြန်လည်တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံ့အားကစား အခန်းကဏ္ဍတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ အားပေးအားမြောက်ပြုလျက်ရှိသည့်အတွက် ယခုကဲ့သို နှစ်ပေါင်းများစွာ အလှမ်းဝေးကွာခဲ့ရသည့် အဆင့်တစ်ခုသို ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။