online လောင်းကစား၊ ကံစမ်းမဲဖောက် လောင်းကစားနှင့် တရားမဝင် ချေးငွေလုပ်ငန်း လုပ်ကိုင်သူ ၇၁ ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး

ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြိုနယ်၊ FMI CITY ၊ ငွေနှင်းဖြူသစ်ခွလမ်း၊ အမှတ်(O-178) နေအိမ်၌ TTbet Online Game လောင်းကစားလုပ်ငန်းများလုပ်ကိုင်နေသည့် မိုမိုစံ(ခ)Yuki ပါ တရားခံ ၉ ဦးအား TTbet Online Game လောင်းကစားရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း ၅၀ လုံး၊ လက်တော့ ၂၂ လုံး၊ မော်နီတာ ၄ လုံး၊ ဆင်းကတ် ၇၄၁ ကတ်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဆက်စပ်မှုများအရ လှိင်သာယာ(အရှေ့ပိုင်း)မြိုနယ်၊ FMI CITY ၊ ချင်းတွင်း လမ်းရှိ အိမ်အမှတ်(FG-95)ကို ဝင်ရောက်ရှာဖွေရာ TTbet Online Game လောင်းကစား လုပ်ငန်းအား ကြီးကြပ်/စာရင်းကိုင်အဖြစ် လုပ်ကိုင်သူ အေးငြိိမ်းသူနှင့် ကြီးကြပ်လုပ်ကိုင်သူ စိုင်းသီဟဇော် ပါ တရားခံ ၁၉ ဦးတိုအား လက်တော့ ၁၁ လုံး၊ လက်ကိုင်ဖုန်း ၂၂ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။