ဒရုန်းစစ်ဆင်ရေးအတွက် သီးခြားဒရုန်းတပ်ဖွဲ့တစ်ခု ဖွဲ့စည်းတည်ထောင်တော့မည့် ယူကရိန်း

ဒရုန်းစစ်ဆင်ရေးအတွက် သီးခြားဒရုန်းတပ်ဖွဲ့တစ်ခုတည်ထောင်ဖို့ ယူကရိန်းသမ္မတဗလာဒီမာဇီ လန်စကီးက ယူကရိန်းတပ်မတော်ကို အမိန့်ပေးလိုက်ကြောင်းသိရပါတယ်။ ယူကရိန်းတပ်မတော်မှာ ဒရုန်းတပ်ဖွဲ့ ဖွဲ့စည်းဖို့ အသေးစိတ်တွက်ချက်ဖို့အတွက် အစိုးရအဖွဲ့နဲ့ စစ်ဦးစီးဌာနကို ၎င်းအနေနဲ့ ညွှန်ကြားခဲ့ပြီးဖြစ်ကြောင်း မကြာသေးခင်က ညနေပိုင်းထုတ်လွှင့်ခဲ့တဲ့ မိန့်ခွန်းထဲမှာ ဇီလန်စကီးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

လက်ရှိဆောင်ရွက်နေတဲ့ ကြည်း/ရေ/လေ စစ်ဆင်ရေးအားလုံးမှာ မောင်းသူမဲ့လေယာဉ်တွေရဲ့ တိုက်ပွဲအောင် မြင်မှုတွေကို တွေ့လာရပြီးနောက် အခုလို ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ကြောင်း ဇီလန်စကီးက ပြောဆိုထားတယ်လို့သိရပါတယ်။ #Crd