ဇွန်လ ၈ ရက်နေ့မှုခင်းသတင်းများ

-ဇွန်လ ၇ ရက်နေ့ ၁၈၃၀ နာရီချိန်တွင် သရက်ချောင်းမြို့နယ်၊ ကနက်သီရီကျေးရွာသို့ အကြမ်းဖက်သမား ၂၀ ခန့်ရောက်ရှိလာပြီး ရေလုပ်သားများဖြစ်ကြသည့် ဇော်နိုင်(၄၄) နှစ်၊ ကျော်ဇင်လတ်(၂၂) နှစ် နှင့် အောင်နိုင် (၄၂) နှစ်တို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကျေးရွာသုဿန်အရောက်တွင် ဇော်နိုင် အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကျော်ဇင်လတ်နှင့် အောင်နိုင်တို့အား ပြန်လွှတ်ပေးခဲ့ကြောင်းသိရှိရ..

-ဇွန်လ ၇ ရက်နေ့ ၁၃၃၀ နာရီချိန်တွင် မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်တွင်နေထိုင်သော ဦးမင်းမင်းဦး(၃၇) နှစ်နေသူ သည် ၎င်းပိုင်ဆိုင်သော ပွဲရုံတွင် ရှိနေစဉ် PDF အကြမ်းဖက်သမား ၄ ဦး သေနတ်များကိုင်ဆောင်ရောက်ရှိလာပြီး ပွဲရုံမှ ငွေ သိန်း ၅၀ နှင့် ဖုန်း ၇ လုံးတို့အား ယူဆောင်၍ ဦးမင်းမင်းဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရှိရ..

-ဇွန်လ ၇ ရက်နေ့ ၀၆၃၀ နာရီချိန်တွင် မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်၊ အတွင်းရှိ အလှကုန်ဆိုင်ရှေ့၌ ကျား အလောင်း ၁ လောင်းမှာ ရင်ဘတ်ထိုးသွင်းဒဏ်ရာ၊ ဦးခေါင်းနောက်စေ့၊ မေးစေ့၊ ယာနားထင်ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေကြောင်းတွေ့ရှိရ..

-ဇွန်လ ၇ ရက်နေ့ ၁၂၃၀ နာရီချိန်ခန့်တွင် ရေတာရှည်မြို့နယ်၊ ဆခွဲကျေးရွာတွင်နေထိုင်သော ဦးကိုလေး(၆၉) နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား ၄ ဦးမှ ဆိုင်ကယ်ဖြင့်‌ ရောက်ရှိလာပြီး ဦးကိုလေးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးကိုလေးမှာ ကျေးရွာအတွင်းရှိ ဦးဝင်းဌေးအိမ်သို့ဝင်ရောက်ပြေးခဲ့သော်လည်း အကြမ်းဖက်သမားများမှ နောက်မှ သေနတ်ဖြင့် လိုက်လံပစ်ခတ်သောကြောင့် ဦးကိုလေးမှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ..