လက်လုပ်မိုင်း ပေါက်ကွဲမှုသတင်းများ

-ဇွန်လ ၇ ရက်နေ့ ၀၀၂၀ နာရီချိန်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အမှတ်( ၅) ရပ်ကွက်ရှိ လဝက ရုံးအား အကြမ်းဖက် PDF များမှ DROP ဗုံး ၂ လုံးပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဗုံးမှာ အမိုးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် မျာက်နှာကြတ်များ ပျက်ဆီးပြီး လူထိခိုက်မှု မရှိကြောင်း သိရှိရ..

-ဇွန်လ ၇ ရက်နေ့ ၁၇၃၀ နာရီချိန်တွင် ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာတွင်နေထိုင်သော ဦးတင်ဆွေဦး (၅၄) နှစ်နှင့်မစီးစီးမွှေး(၄၀) နှစ်တို့ ၂ ဦးသည် ဈေးဝယ်ရန်ဆိုင်ကယ်ဖြင့် ထွက်လာစဉ် မင်းထိန်ကျေးရွာမြောက်ဘက်သို့ အရောက် အကြမ်းဖက် PDF များထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲပြီး ဦးတင်ဆွေမှာ မိုင်းစ ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး မစီစီမွှေး မှ ယာဂျိုင်းအောက် စုတ်ပြတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၇ ရက်နေ့ ၀၆၁၀ နာရီချိန်တွင် ရန်ကုန်-ပုသိမ်လမ်းမကြီးဘေးတွင် အကြမ်းဖက်သမားများမှ ပြည်သူများ ထိခိုက်စေရန်ရည်ရွယ်ပြီး လက်လုပ်မိုင်း ၁ လုံးဖောက်ခွဲခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းစဉ် ဗုံး ၂ လုံးထပ်မံ ပေါက်ကွဲခဲ့ပြီး အသေးစိတ်ရှင်းလင်းခဲ့ရာ လက်လုပ်မိုင်း ၂ လုံးအား ထပ်မံတွေ့၇ှိခဲ့ပြီး လုံခြုံရေးအဖွဲ့များမှ ရှင်းလင်းခဲ့ကြောင် သိရှိရ…

-ဇွန်လ ၇ ရက်နေ့ ၁၃၀၀ နာရီချိန်တွင် ဆိပ်ဖြူမြို့နယ်၊ သင်းပေါင်းကျေး၇ွာတွင် နေထိုင်သော ဖြိုးငွေစိုး (၁၆ )နှစ် နှင့် ဖြိုးဝေအောင် (၁၈) နှစ်တို့သည် နွားစာရီတ်ရန်အတွက် ကျေးရွာ၏ မြောက်ဘက် တောတွင်းသို့သွားရောက်စဉ် အကြမ်းဖက် PDF များ ထောင်ထားသည့် တိုက်မိုင်း ၁ လုံးအား တိုက်မိပေါက်ကွဲသဖြင့် ဖြိုးငွေစိုး တွင် နဖူး၊ ဝဲပါး၊ ဝဲဂျိုစောင်း၊ နောက်ကျော မိုင်းစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ကြောင်း သိ၇ှိရ..