မြောက်ဥက္ကလာရွှေဆိုင်ဓားပြမှုကနေ တွံတေး အကြမ်းဖက်ဓားပြအဖွဲ့မှ တရားခံ ၂၈ ဦးကို လက်နက်ခဲယမ်းများနဲ့အတူ ထပ်မံဖမ်းမိ

မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဓာဝီလမ်းရှိ “မြတ်မောင်”စိန်ရွှေရတနာဆိုင်ကို ဓားပြတိုက်သွားကြသည့် ဒီမိုကရေစီအရေး လှုပ်ရှားသူဟု အနောက်အုပ်စုက ကင်ပွန်းတပ်ပေးထားသူ အကြမ်းဖက်အုပ်စုကို ဖမ်းမိရာကနေ ဆက်စပ်အဖွဲ့အစည်းများဖြစ်သည့် တွံတေးမြို့ပြပြောက်ကျား အမည်ခံအကြမ်းဖက်ဓားပြအဖွဲ့မှ တရားခံ ၂၈ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိတယ်လို့ နစက ကထုတ်ပြန်ထားကြောင်းသိရပါတယ်။