မင်္ဂလာရှိသော မနက်ခင်းလေးပါ

ရှင်သန်မှုတွေ အကျိုးများစေ

ဘ၀က ကောင်းမှုတွေများမှ
အသက်ရှည်ရကျိုးဟာ နပ်ပါတယ် ။

မကောင်းမှုတွေများပြီး
အသက်ရှည်နေမယ်ဆိုရင်တော့
အပြစ်ကြီးတာပဲ အဖတ်တင်ပါတယ် ။

ကိုယ်ဘယ်လို ရှင်သန်နေသလဲ
ရှင်သန်နေရသလောက်ရော
အကျိုးများရဲ့လားလို့အမြဲစဥ်းစားပါ ။

လူဘ၀ကို ရောက်လာတာဟာ
ကုသိုလ်အရှိန်ကြောင့်ပါ ။

အဲ့ဒီအရှိန်လေး မှေးမှိန်မသွားအောင်
မမေ့လျော့မှုနဲ့ အရောင်တင်ပါ ။

ဖြစ်ချင်တာ ဖြစ်နိုင်တဲ့အနေထားမှာ
ဖြစ်နိုင်ကြောင်းတွေကို
ကိုယ်တိုင်ကဖြည့်မထားမိဘူးဆိုရင်

အချိန်လွန်သွားတဲ့အခါ
နောင်တတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ် ။

ဒါကြောင့် အချိန်မလွန်ခင်လေးမှာ
ကိုယ့်ကိုယ်ကို သတိလေးထားလို့

ကိုယ်ပိုင်ကုသိုလ်ဥစ္စာတွေများအောင်
အမြဲတမ်း ကြိုးစားကြဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏