ပရီးမီးယားလိဂ်မှာအောင်မြင်မှုတွေ ရရှိနေတဲ့အာရှသား

၂၀၁၈ တုန်းက ရုရှားကမ္ဘာ့ဖလားမှာ တောင်ကိုရီးယားအသင်း အရေးနိမ့်ပြီး ထွက်ခဲ့ရချိန် ဆွန်ဟောင်မင် ဝမ်းနည်းပြီး ငိုနေခဲ့တာပါ။ သူက နိုင်ငံဥပဒေအရ စစ်မှုမထမ်းမနေရဥပဒေကြောင့် စစ်မှုထမ်းဖို့အတွက်လည်း ရှိခဲ့ပါတယ်။
လနည်းနည်းအကြာမှာ ဆွန်က တောင်ကိုရီးယားနဲ့အတူ အာရှအားကစားပြိုင်ပွဲမှာ ဘောလုံးရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့်လည်း သူ့ရဲ့ စစ်မှုထမ်းမှုကို ၃ ပတ်တည်းသာလုပ်ခဲ့ရပါတယ်။
၂၀၂၀ မေလမှာတော့ စစ်ရေးလေ့ကျင့်မှုတွေအတွင်းမှာ အကောင်းဆုံးစစ်သားတဦးအဖြစ်နဲ့ စစ်မှုထမ်းကာလကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အကောင်းဆုံးထူးချွန်သူ ၅ ဦးစာရင်းမှာပါဝင်ခဲ့ပြီး Pilsung ဆိုတဲ့ ဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။
အခုဆို သူက စပါးအတွက် ကစားပေးတာ ၈ နှစ်ကျော်လာခဲ့ပါပြီ။ အသင်းသမိုင်းမှာ တတိယမြောက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံးအာရှသားဖြစ်လာခဲ့ပါတယ်။ ဆွန်က အသင်းနဲ့အတူ အောင်မြင်မှုမရခဲ့ပေမယ့်လည်း ကစားသမားတဦးအနေနဲ့တော့ အားလုံးဆီက လေးစားမှုတွေကို ရယူနိုင်ခဲ့ပြီး စစ်မှုထမ်းကာလမှာလည်း ထူးချွန်အောင် အားထုတ်ပြနိုင်ခဲ့ပါတယ်။
မြန်မာအားကစားများလည်း ထူးချွန်မှုတွေနဲ့ နိုင်ငံ့ဂုဏ်ဆောင်နိုင်ကြပါစေ။

crd;