မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့နယ်များသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီး ပြန်လည်ဖြန့်ဖြူးပေးနိုင်ပြီ

မေ ၁၄ ရက်က မိုခါမုန်တိုင်း သက်ရောက်မှုဒဏ်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ၁၀ မြို့နယ်သို့ ဓာတ်အားပိုလွှတ် ဖြန့်ဖြူးပေးထားသည့် ၂၃၀ ကေဗွီ ၊ ၆၆ ကေဗွီ၊ ၁၁ ကေဗွီနှင့် ၄၀၀ ဗို ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများနှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးဆုံးရှုးခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများ၏ အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့များသို ဇွန် ၇ ရက်နှင့် ဇွန် ၁၈ ရက် တိုတွင် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။

ဇွန်လ ၂၃ ရက်နေ့တွင် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း – မြောက်ဦး ဓာတ်အားလိုင်း ပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြုပြင်ဆောင်ရွက်ပြီးဖြစ်သဖြင့် မြောက်ဦးမြို့ရှိ မြို့ပေါ်ရပ်ကွက် ၇ ခုနှင့် ကျေးရွာ ၂၆ ခု၊ မင်းပြားမြို့ရှိ မြို့ပေါ်ရပ်ကွက် ၈ ခုနှင့် ကျေးရွာ ၃ ခု၊ မြေပုံမြို့ရှိ မြို့ပေါ်ရပ်ကွက် ၉ ခုနှင့် ကျေးရွာ ၅ ခု တို့အား ဓာတ်အား ဖြန့်ဖြူးပေးထားပြီးဖြစ်ကြောင်း သိရပါတယ်။