မော်လမြိုင် – ရန်ကုန် လေယာဉ်ခရီးစဉ် စတင်ပြေးဆွဲတော့မည်ဖြစ်ပါတယ်

လေယာဉ်ပြေးလမ်းအား ထပ်ပိုးလွှာအသစ် ခင်းပြီးသွားပြီဖြစ်သော မော်လမြိုင်လေယာဉ်ကွင်းဟာဆိုရင်

မကြာမီ ပြည်တွင်းလေကြောင်းခရီးစဉ်များ ပြေးဆွဲမည်ဖြစ်ပြီး

မော်လမြိုင် – ရန်ကုန် လေယာဉ်ခရီးစဉ် စတင်တော့မှာဖြစ်ပါတယ်…

မြန်မာအမျိုးသားလေကြောင်း မော်လမြိုင်ဌာနခွဲ မှ
ဒီဇင်ဘာလ ၅ ရက်နေ့ မှ စ၍ …အပတ်စဥ်—- တနင်္လာနေ့ နှင့် သောကြာနေ့ များတွင်

ရန်ကုန် – ကော့သောင်း – မော်လမြိုင် – ရန်ကုန် ခရီးစဉ် ပြေးဆွဲပေးမည်ဖြစ်ပြီး

မော်လမြိုင် – ရန်ကုန် အတွက် လက်မှတ်ခ ၁၄၇၀၀၀ သတ်မှတ်ထားပါတယ်။

ရန်ကုန် – မော်လမြိုင် သီးသန့်ခရီးစဥ် မရှိသေးသည့်အတွက် ရန်ကုန် မှ မော်လမြိုင် သို လာရောက်လိုပါက ရန်ကုန် – ကော့သောင်း – မော်လမြိုင်ခရီးစဉ်အတိုင်း လိုက်ပါစီးနင်းရပါမည်။

ခရီးစဥ်များကို အပတ်စဥ် တစ်ပတ်နှစ်ရက်နူန်းထားဖြင့် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်သောကြောင့် လေယာဥ်လက်မှတ်များကို ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်းမိဘပြည်သူများအား အသိပေးအပ်ပါသည်
Saw Ba Maung(ဖားစည်သံ)