မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

အရင်းများရင်အမြတ်များပါတယ်

အေးချမ်းမှုကို လိုချင်တဲ့သူဟာ
ကုသိုလ်အလုပ်မှာ ပျော်ရမယ်။

နားလည်မှုကို လိုချင်ရင်လည်း
ခွင့်လွှတ်ခြင်း သည်းခံခြင်းတွေ
ရှိရမယ်။

နူးညံ့သိမ်မွေ့မှုကို နှစ်သက်တယ်
ဆိုရင်
ကိုယ်နဲ့ နှုတ်ကို သတိနဲ့ ထိန်းရမယ်။

တည်ငြိမ်မှုကို လိုချင်ရင်
စိတ်ကို သတိနဲ့ ထိန်းရပါတယ်။

ကိုယ်နှုတ်စိတ် သုံးပါးလုံးငြိမ်အောင်
ထိန်းနိုင်တဲ့သူကို
သီလ,သမာဓိ,ပညာတွေ ရှိသူလို့ခေါ်
တယ်။

လောကမှာ
အလကားနေပြီး
အလကားရတာဆိုလို့
အိုခြင်း,နာခြင်း,သေခြင်းတွေသာရှိ
ပါတယ်။

အမြတ်လိုချင်ရင်
ကိုယ်ကအရင် ရင်းရတယ်။
ရင်းနိုင်မှလည်း အမြတ်ရမယ်။
အရင်းများရင် အမြတ်များနိုင်ပါ
တယ်..။

စိတ်နှလုံး အေးချမ်းပါစေ

မေတ္တာဖြင့်..