မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌺 အထင်မမှားပါနဲ့🌺

အရွယ်ကောင်းတုန်းတော့
အိုတာတွေ နာတာတွေဟာ
ကိုယ်နှင့်မဆိုင်ဘူးလို့ ထင်ခဲ့တယ် ။

ဘ၀ကောင်းတုန်းတော့
တစ်ခြားနိမ့်ကျတဲ့တိရစ္ဆာန်ဘ၀တွေဟာ
ကိုယ်နှင့် မဆိုင်ဘူးလို့ထင်ခဲ့တယ် ။

လုပ်သမျှအဆင်ပြေနေတုန်းတော့
ပျက်စီးမှုဒုက္ခတွေဟာ
ကိုယ်နှင့်မပတ်သက်ဘူးလို့ထင်ခဲ့တယ် ။

အထင်မမှားပါနဲ့
အဆိုးနဲ့အကောင်းဟာဒွန်တွဲနေသလို

အဖြစ်နဲ့အပျက်ဟာလည်း
အင်မတန်မှ မြန်ဆန်လွန်းနေလို့
တစ်ချိန်မှာ ကိုယ်နှင့်ဆိုင်လာနိုင်ပါတယ် ။

ဒီနေ့လှတဲ့သူဟာ
မနက်ဖြန်လှချင်မှ လှနိုင်တော့မယ် ။

ဒီနေ့ရှိနေတဲ့သူဟာ
မနက်ဖြန် ရှိချင်ချင်မှရှိတော့မယ်လေ ။

ဒါကြောင့်……
အသိဥာဏ်ရှိတဲ့ဘ၀အနေထားမှာ
ကောင်းတာတွေလုပ်ပြီးတော့

ဆိုးတဲ့ဘေးတွေကို ရင်ဆိုင်နိုင်အောင်
တရားမြဲစွာ နေကြဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏