🌷အပြစ်အပူတွေ ကင်းပါစေ🌷

မဟုတ်တာကြီးကို
အဟုတ်လုပ်ပြီး ခံစားနေရင်
ကိုယ်လည်း ဟုတ်သလိုဖြစ်သွားမယ် ။

လူမိုက်မှန်းသိနေတာကြီးကို
မိုက်တဲ့သူနဲ့ ပြိုင်တုနေမယ်ဆိုရင်
ကိုယ်လည်း မိုက်တဲ့သူဖြစ်နိုင်တယ် ။

လောကသဘောက
ပူတဲ့အနားနေရင် ပူလောင်သလို
အေးတဲ့အနားနေရင် အေးမြပါတယ် ။

ခံစားမှားရင် စိတ်ဆင်းရဲရသလို
အပေါင်းမှားရင်လည်း ဂုဏ်ပျက်ရပါတယ် ။

အကျိုးမရှိတာတွေကို
နှလုံးသွင်းပြီးတော့ ခံစားနေချိန်မှာ
ကိုယ်လည်း တန်ဖိုးမဲ့နေပါတယ် ။

မသိတဲ့သူတွေပြောတဲ့စကားကို
လက်ခံနေခြင်းဟာ

ပိုင်ရှင်မဲ့ပစ္စည်းကိုလက်ခံထားသလို
ကို့ယ်မှာ ဒုက္ခရောက်နိုင်ပါတယ် ။

ဒါကြောင့် မဆိုင်ရင်မပတ်သက်ပဲ
ကိုယ့်လမ်းကိုယ်သွားတာက
ကိုယ့်အတွက်အပြစ်အပူကင်းပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏