ကန်ပက်လက်တိုက်ပွဲသတင်း

မတ်လ ၇ ရက် နေ့လည် ၁ နာရီခန့်တွင် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့အနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များသည် အကြမ်းဖက် CDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ-အကြမ်းဖက် CDF ၂ လောင်း၊ အမ်-၂၂ သေနတ် ၂ လက်၊ အမ်အေ-၃ သေနတ် ၁ လက်၊ အမ်အေ-၄ သေနတ် ၁ လက်၊ ကျည်အိမ်မျိုးစုံ ၅ ခု၊ ကျည်မျိုးစုံ ၉၅ တောင့်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်ပစ် ဗုံး ၃ လုံး၊ လက်လုပ်ရှော့တိုက်ဒုံးသီး ၁၇ လုံး၊ လက်လုပ် Drop Bomb ဗုံးသီး ၁၂၇ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၆၈ လုံး၊ ၆၀ မမဗုံးသီး ၂ လုံး၊ စနိုက်ဘာကျည် ၈ တောင့်၊ လက်လုပ်ဒုံးစင် ၃ ခု၊ ဒရုန်းဘတ္ကရီ ၆ ခု၊ ပန်ကာ ဒလက် ၈ ခု၊ ရီမုခလုတ် ၃၈ ခု၊ ကျည်ကာဦးထုပ် ၅ လုံး၊ ဆိုင်ကယ်မျိုးစုံ ၅ စီး၊ ယမ်းကြိုး ၂ ခွေ၊ ဆိုလာ ၆ ချပ်၊ မီးစက် ၂ လုံး၊ ဘတ္ကရီမျိုးစုံ ၇ လုံး၊ ပစ်ကျင်း ၃ ကျင်း၊ သဲအိတ်ဘန်ကာ ၂ လုံးနှင့် ဝါယာကြိုး ၁ ခွေ တို့အား သိမ်းဆည်းရမိကြောင်းသိရပါတယ်။ #Crd