MFF ELECTION တွင် ဝင်ရောက် ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်

လာမည့် မတ် ၃၀ ရက် (စနေနေ့)တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ ရွေးကောက်ပွဲ (၂၀၂၄ ခုနှစ်မှ ၂၀၂၈ ခုနှစ်ထိ ၄ နှစ်သက်တမ်း) အတွက် ဝင်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း စုစုပေါင်း (၂၆) ဦး စာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါသည်။
အဆိုပါရွေးကောက်ပွဲကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)နှင့် အာရှဘောလုံး အဖွဲ့ချုပ်တို့မှ အသိအမှတ်ပြုထားသည့် စည်းမျဉ်းများအတိုင်း ကျင်းပမည်ဖြစ်ပြီး (၄)နှစ်သက်တမ်းအတွက် အလုပ်အမှုဆောင်နေရာများ ရွေးချယ်ရာတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌ – ၁ ဦး၊ ဒုတိယ ဥက္ကဋ္ဌ – ၃ ဦး (အမျိုးသား – ၂ဦးနှင့် အမျိုးသမီး -၁ ဦး)၊ မြန်မာနေရှင်နယ်လိဂ်-၁ (၃) ဦး၊ မြန်မာနေရှင်နယ်လိဂ်-၂ (၁) ဦး၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ (၁) ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ (၆) ဦး၊ ဒိုင်ကော်မတီ (၁) ဦး၊ နည်းပြကော်မတီ (၁) ဦး၊ ကစားသမား ကော်မတီ (၁) ဦး၊ အမျိုးသမီးဘောလုံး ကော်မတီ (၁) ဦး၊ စုစုပေါင်း ၁၉ ဦး ရွေးကောက်တင်မြှောက်သွားမည် ဖြစ်ပါသည်။


MFF Election (Term 2024-2028) အတွက် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှကိုယ်စားလှယ်လောင်း (၂၆) ဦး ရှိပြီး အဆိုပါစာရင်းအား ယနေ့တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲ ကော်မရှင်က အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။