တာချီလိတ်မြို့တွင် ဖြန့်ဖြူးရောင်းချနေသည့် စိတ်ပြောင်းဆေးများဖမ်းမိ

ဇူလိုင်လ ၁၀ရက် ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြိုရှိ KTV/CLUB/BARနှင့် စားသောက်ဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသည့် ငွေကျပ်သိန်း ၆၄၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေး(Happy Water) ၅ ဒသမ ၉ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတဆင့် သိရသည်။

တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် ဇူလိုင်လ၆ရက်နေ့ ညနေ ၆ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ ပိုင်း)၊ တာချီလိတ်မြို၊ဆေခမ်းရပ်ကွက်တွင် စိုင်းဝန်းကျောက် မောင်းနှင်လာသည့်TOYOTA REVOမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆၄၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်း ဆေး(Happy Water)၅ဒသမ၉ ကီလို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေး(Happy Water)များအား တာချီလိတ်မြိုရှိ KTV/CLUB/BARနှင့် စားသောက်ဆိုင်များတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရသဖြင့်၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။