ဧပြီ ၃ ရက်နေ့မှစပြီး ရန်ကုန်လေဆိပ်အတွင်း Grabမှလွဲ၍ပြင်ပTaxiပြေးဆွဲခွင့်မပြုဟုဆို

ဧပြီလ ၃ ရက်နေ့ကစပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း Grab မိုဘိုင်း application နဲ့ ပြေးဆွဲနေတဲ့ Taxi ယာဉ်များမှလွဲ၍ တခြား taxi ယာဉ်တွေကို ပြေးဆွဲခွင့်မပြုတော့ဘူးလို လေဆိပ်အတွင်းပြေးစွဲနေတဲ့ taxi ယာဉ်မောင်းတစ်ဦးက YMG ကိုပြောပါတယ်။အရင်က လေဆိပ်အတွင်းရှိ Taxi ယာဉ်ရပ်နားစခန်းမှာ ပြင်ပ Taxi တွေရပ်နားခွင့် ပြေးစွဲပြုထားပေမယ့် အခု ဧပြီလ ၃ ရက်နေ့မနက်ပိုင်းကစပြီး ကန့်သတ်လိုက်တာဖြစ်တယ်လို Taxi ယာဉ်မောင်းတစ်ဦးကပြောပါတယ်။