ပင်လောင်းမြို့နယ်၌ ငွေကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့ နယ်၌ ငွေကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

       မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ် ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီတွင် ရှမ်းပြည် နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ် လိန်းလီကျေးရွာအနီးတွင် ပင်လောင်းမှ တပ်ကုန်းဘက်သို့ အောင်မင်း မောင်းနှင်ပြီး အောင်ကိုကိုဦး လိုက်ပါလာသည့် Toyota Surf ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေး ပြား ၁၀ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ် ဆေးချက်အရ နိုဝင်ဘာ ၁၀ ရက် နံနက် ၇ နာရီခွဲတွင် စိတ် ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ စိုင်းခုံးလှိုင်း(ခ)ကိုစိုင်း ကို ကွန်ဟိန်းမြို့နယ် ကာလိမြို့ ရပ်ကွက်(၁)ရှိ ၎င်း၏ နေအိမ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော် ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေး ပြားများကို ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်း ဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်း ဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#PAN