အစ္စရေး-ဟားမတ်စ် ပဋိပက္ခအတွင်း သတင်း ထောက် ၄၂ ဦး ထက်မနည်း သေဆုံး

အစ္စရေးတပ်မတော်နှင့် ဟားမတ်စ်အဖွဲ့တို့ကြား ဖြစ်ပွားလျက်ရှိသည့် စစ်ဆင်နွှဲမှုများတွင် သတင်း ထောက်များနှင့် မီဒီယာလုပ်သား ၄၂ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း နယူးယောက်အခြေစိုက် သတင်း ထောက်များ ကာကွယ်စောင့် ရှောက်ရေးကော်မတီက ယနေ့ပြောသည်။

       အဆိုပါ သတင်းထောက်များ သေဆုံးမှု အရေ အတွက်သည် ပဋိပက္ခစတင်သည့် အောက် တိုဘာ ၇ ရက်မှ နိုဝင်ဘာ ၁၅ ရက်အတွင်း မှတ်တမ်းကောက်ယူထားသည့် အရေအတွက်ဖြစ်ကြောင်း သတင်းထောက်များ ကာကွယ်စောင့် ရှောက်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

       သေဆုံးသူ ၄၂ ဦးအနက် ၃၇ ဦးမှာ ပါလက်စတိုင်း နိုင်ငံသား၊ လေးဦးမှာ အစ္စရေးနိုင်ငံသားများဖြစ်ပြီး ကျန်တစ်ဦးသည် လက်ဘနွန်နိုင်ငံသားဖြစ်ကြောင်း သိရသည်။

      လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်အတွင်း ပါလက်စတိုင်းသတင်းထောက် ကိုးဦး သေဆုံးခဲ့သည်။

     ထို့ပြင် သတင်းထောက် ကိုးဦးဒဏ်ရာရရှိကာ သုံးဦး ပျောက်ဆုံးနေပြီး ၁၃ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။ အခြားသတင်းထောက်များ အသတ်ခံရခြင်း သို့မဟုတ် ထိန်းသိမ်းခံရခြင်းဆိုင်ရာ အတည်မပြုနိုင်သော အစီရင်ခံစာများစွာကိုလည်း သတင်း ထောက်များ ကာကွယ်စောင့် ရှောက်ရေးကော်မတီက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

#PAN