ဂါဇာကမ်းမြောင်တွင် အိုးမဲ့အိမ်မဲ့အရေအတွက် ၄၂၃၀၀၀ ကျော်အထိ မြင့်တက်လာ

ဟားမာ့စ်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှု များကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သူ ၄၂၃၀၀၀ ကျော်အထိ မြင့် တက်လာခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၃ ရက် နှောင်းပိုင်း က ဂါဇာတွင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သူ ၈၄၄၄၄ အထိရှိခဲ့သဖြင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သူ စုစုပေါင်း ၄၂၃၃၇၈ ဦးအထိ မြင့်တက်ခဲ့သည်ဟု ကုလ သမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင် ရာ အေဂျင်စီ (OCHA) က အောက်တိုဘာ ၁၃ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။