အမေရိကန်လက်နက်ကော်ပိုရေးရှင်း Raytheon ရဲ့ ဒါရိုက်တာ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံး

ယူကရိန်းကို လက်နက်တွေထောက်ပံ့ပေးမှုမှာ အဓိကနေရာကနေ တာဝန်ယူခဲ့တဲ့ အမေရိကန် လက်နက်ကော်ပိုရေးရှင်းတခုဖြစ်တဲ့ Raytehon ရဲ့ ဒါရိုက်တာဖြစ်သူ Jeff Lumpkin ဟာ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ရပါတယ်။ ဧပြီလ ၆ ရက်နေ့က သူနဲ့အတူ သူ့ရဲ့ ဇနီးသည်၊ မိသားစုဝင်တွေဟာ ဖလော်ရီဒါကမ်းလွန်ရေပြင်ပေါ်မှာ အင်ဂျင်တလုံးတပ်လေယာဉ် ပျက်ကျမှုကြောင့် အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။