တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်း အခမ်းအနား ကျင်းပ

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၆)၊ သူရတပ်ခွဲ ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်း အခမ်းအနားကို ဧပြီလ ၇ရက် နံနက်ပိုင်းတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရာထူးခန့်ထားရေး ခန်းမဆောင်၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းနှင့် ကျောင်းဆင်း ဗိုလ်လောင်းများ တက်ရောက်ကြသည်။
အခမ်းအနားအစီအစဉ်အရ စစ်ရာထူးခန့်ချုပ်၊ ဒုတိယတပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်နှင့် ကျောင်းအုပ်ကြီးတိုက စင်မြင့်တွင်နေရာယူကြသည်။ ဆက်လက်ပြီး စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင်က ကျောင်းဆင်းဗိုလ်လောင်း တစ်ဦး ချင်းစီအား ပြန်တမ်းဝင်ခန့်အပ်လွှာများ ပေးအပ်ပြီးနောက် အမှာစကား ပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။
တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)ကို ၁၉၄၆ ခုနှစ်တွင် ပြင်ဦးလွင်မြို့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်( ၁ မှ ၁၆ ) အထိ လည်းကောင်း၊ ၁၉၅၇ ခုနှစ်တွင် ပြင်ဦးလွင်မြိုမှ ဗထူးတပ်မြိုသို ပြောင်းရွှေ့ ဖွင့်လှစ်ပြီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၇ မှ ၂၈)အထိ လည်းကောင်း၊ ၁၉၆၁ ခုနှစ်တွင် သင်တန်းများ ဖွင့်လှစ်ခြင်းကို ခေတ္တရပ်ဆိုင်းခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် ဗထူးတပ်မြိုမှ မှော်ဘီမြိုသို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကာ ဗိုလ်လောင်းသင်တန်း အမှတ် စဉ်(၂၉ မှ ၈၂)အထိလည်းကောင်း၊ ၁၉၉၁ ခုနှစ်တွင် မှော်ဘီမြိုမှ ဗထူးတပ်မြိုသို ပြန်လည်ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပြီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၈၃ မှ ယနေ့)အထိ ဗိုလ်လောင်းများအား လေ့ကျင့်သင်ကြားပေးလျက်ရှိကာ အရာရှိများစွာ မွေးထုတ် ပေးလျက်ရှိသည်။
အဆိုပါ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၆)တွင် တပ်မတော်မှ စစ်သည်များနှင့် အရပ်သားဘွဲရများ၊ စုစုပေါင်း (၁၆၂) ဦးတို တက်ရောက်အောင်မြင်ခဲ့ကြသည်။
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ ကျောင်းဆင်းအရာရှိများ အနက် အောင်ဆန်းသူရိယဘွဲရရှိသူ (၁) ဦး၊ သီဟသူရဘွဲရရှိသူ (၁ဝ) ဦး၊ သူရဘွဲရရှိသူ (၉၄) ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ချီးမြှင့်ခံရသူ (၄၁၁) ဦးအထိ ရရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။