တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ပြခန်းပေါင်း (၃၀) ဝင်ရောက်ပြသလျက်ရှိ

(၁၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့ထိ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ကျောက်မျက်ရတနာများ၊ သစ်သားပရိဘောဂများ၊ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ကုန်ပစ္စည်းများ စသည့် ကုန်စည်ပြခန်းများအား ပြခန်း(၃၀) ပါဝင်ပြသလျက်ရှိကြောင်းသိရှိရပါသည်။