Local PDF များ၏ လက်နက်ခဲယမ်းများကို ပကဖအဖွဲ့များမှ သိမ်းယူ

စစ်ကိုင်းတိုင်းထဲက အကြမ်းဖက်တွေအတွက် TNLA က ပို့ပေးလိုက်တဲ့ ခဲယမ်းတွေကို NUG ရဲ့ အကြမ်းဖက်အဖွဲ့တစ်ခုက ကြားဖြတ်ခိုးယူလိုက်လို့ အကြမ်းဖက်တွေအချင်းချင်းကြား မကျေနပ်မှုတွေဖြစ်ပေါ်နေကြောင်းသိရှိရပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ လူသတ်၊ မုဒိန်းကျင့်၊ ပစ္စည်းခိုး၊ ဓားပြတိုက်နေတဲ့ Local PDF အမည်ခံ အကြမ်းဖက်တွေအတွက် TNLA က ပို့ပေးလိုက်တဲ့ ခဲယမ်းတွေကို NUG ရဲ့ အကြမ်းဖက်အဖွဲ့တစ်ခုက ကြားဖြတ်ခိုးယူလိုက်လို့ အကြမ်းဖက်တွေအချင်းချင်းကြားမှာ မကျေနပ်မှုတွေဖြစ်ပေါ်နေတယ်လို့ ၎င်းအကြမ်းဖက်တွေရဲ့ ဝါဒဖြန့်သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

တိုက်ပွဲပြင်းထန်နေချိန် ကျည်လိုအပ်ချက်ကြောင့် သူတို့ကို ကူညီထောက်ပံ့နေတဲ့ အကြမ်းဖက် TNLA က ၇.၆၂ ကျည်တောင့် ၃ သောင်းကျော်၊ လျှက်ဆားပုလင်းဗုံး၊ TNT ယမ်း ၂၅ ကီလိုဂရမ်၊ သံပုရာသီးလက်ပစ်ဗုံး၊ RPG2 မီးကျည်ဆံ၊ RPG2 ရိုးရိုးကျည်၊ ၆၀ မမ တို့ကို သယ်ဆောင်လာစဥ်မှာ စစ်ကိုင်းတိုင်းအထက်ပိုင်းက NUG ခရိုင်တပ်ရင်းရဲ့ NUG တိုင်းမှုးအမိန့်အရ လိုကယ်များကို ဖြတ်သန်းခွင့်မပြုဘူးလို့ဆိုပြီး ပစ္စည်များကို သိမ်းဆည်းသွားတာလို့ ဆိုထားပါတယ်။

ဒါနဲ့ပတ်သက်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဆိုတဲ့ အကြမ်းဖက်အုပ်စုတွေနဲ့ ၎င်းအကြမ်းဖက်တွေကို အားပေးတဲ့ ဒေါ်လာမျှော်စား မီဒီယာများက MOD ဆိုတဲ့ အကြမ်းဖက်ခေါင်ချုပ်ကို ချိတ်ဆက်ပြီး ခဲယမ်းတွေပြန်ပေးဖိုးဖို့ တောင်းဆိုခဲ့ပေမယ့် NUG ရဲ့ အကြမ်းဖက် ကာကွယ်ရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန်ဆိုသူ နိုင်ထူးအောင်က လိုင်းအခက်အခဲကြောင့်ဆိုပြီး လူရာသွင်း ဖြေရှင်းပေးခြင်းမရှိခဲ့တာကြောင့် အကြမ်းဖက်တွေအချင်းချင်းကြားမှာ မကျေနပ်မှုတွေ ဖြစ်ပေါ်နေကြတာလို့ သိရပါတယ်။

𝙢𝙝𝙩𝙣𝙚𝙬𝙨