အောက်တိုဘာ ၂၂ ရက်နေ့ မှုခင်းသတင်းများ

၁၀၃၀ နာရီတွင် ငါန်းဇွန်မြို့နယ်၊ ညောင်ပင်ရိုးကျေးရွာနေ ဦးအောင်ဆန်း(၆၂)နှစ်သည် နေအိမ်၌ ရှိနေစဉ် (စိစစ်ဆဲ)အကြမ်းဖက် PDF ကျား ၄ ဦးမှာ လက်နက်ငယ်များ ကိုင်ဆောင်၍ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး နေအိမ်အတွင်းသို့ ဝင်ရောက်၍ ပစ်ခတ်ခဲ့ရာ ဦးအောင်ဆန်းတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး နေအိမ်အတွင်းမှ ရွှေလက်စွပ် ၃ ကွင်း၊ ရွှေဆွဲကြိုး ၁ ကုံးနှင့် သိန်း ၂၀ ကျပ်၊ စုစုပေါင်း ကာလတန်ဖိုး ၅၂ သိန်းခန့်တို့အား ယူဆောင်၍ ကျေးရွာ၏အနောက်ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။