Twitter တွင် Reach အရေအတွက် မြင့်တက်လာစေရန်ဆောင်ရွက်သင့်သည့် အကြံပြုချက်များ(၂)

သင်က Twitter မှာ ဘယ်လောက်ကောင်းတဲ့ ပို့စ်တွေပဲ တင်တင်၊ ကြည့်ရှုမယ့်သူတွေ က မအားလပ်လို့ မကြည့်ဖြစ်ရင် အလဟဿ ပဲ ဖြစ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်မလို့ အောက်မှာ ဖော်ပြမယ့်အချက် ၁၄ ချက်ကို အရင်လေ့လာထားပြီး တင်မယ်ဆို Twitter တွင် Reach အရေအတွက် မြင့်တက်လာဖို့ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ အခြား လူမှုကွန်ယက် စာမျက်နှာများအတွက်လည်း အထောက်အကူဖြစ်မယ့်နည်းလမ်းတွေ ဖြစ်လို့ ဖော်ပြပေးလိုက်ပါတယ်။
(၁) အလွယ်ကူဆုံးနည်းလမ်း တစ်ခုကတော့ Twitter analytics tools, Twitter analyticsလို ဆော့ဖ်ဝဲ တစ်ခုခုကိုသုံးပြီး မိမိရဲ့ follower တွေ online မှာရှိတတ်တဲ့ အချိန်ကို စောင့်ကြည့်နိုင်ပြီး အဲဒီအချိန်တွေမှာ မိမိတို့ ဖြန့်ဝေခြင်တဲ့ အကြောင်းအရာကို တင်ခြင်းအားဖြင့် ပိုမိုထိရောက်စေမှာဖြစ်ပါတယ်။(Brand 24 လိုဆော့ဖ်ဝဲမျိုးလည်းသုံး နိုင်တယ်လို့ပြောကြပါတယ်) ပို့စ်တစ်ခု ဟာ ၂၄ နာရီအတွင်းမှာသာပျံနှံ့‌ ရောက်ရှိ မှုအားကောင်းတယ်ဆိုတာနဲ့များများတင်နိုင်လေ များများပျံ့လေ ဆိုတာကတော့ ပုံသေ နည်းတစ်ခုလိုမှတ်ထားရမှာပဲ ဖြစ်ပါတယ်။
(၂) နည်းပညာအားကိုးနဲ့ ပို့စ်တွေကို လူကြည့်များအောင်လုပ်နေချိန်မှာ သတိပြုရမှာက တော့ Twitter ဟာ လူမှု ကွန်ယက် တစ်ခု(Social Media ) ဖြစ်တယ်ဆိုတာပါပဲ။ ဒါ့ကြောင့် ပျံ့နှံ့ဖို့အတွက် သတင်းတင်တာကို ၂၀ ရာခိုင်နှုန်းလုပ်ပြီး လူမှုဆက်ဆံရေးပုံစံ ၈၀ ရာခိုင်နှုန်း ‌ဆောင်ရွက်တဲ့ (လူမှုကွန်ယက်သမားတွေရဲ့ ရွှေအချိုး ၈၀/၂၀ Golden ratio) ဆိုတာကို လိုက်နာသင့်ပါတယ်။
(၃) နောက်တစ်ခုကတော့ Mention ပေးထားတဲ့ သူတွေကို Reply ပြန်ပေးတာဟာ ထိရောက်တဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်။ ပြင်ပ Follower တွေ တိုးဖို့ဆောင်ရွက်နေချိန်မှာ မိမိတို့ရဲ့ ပို့စ် အောက်က Mention ပေးထားတာ၊ repost ပေးထားတဲ့သူတွေကို တစ်ခုခု ပြန်ပြီးတုန့်ပြန်ပေးဖို့လိုတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။
(၄) HashTags တွဲတာမှန်ဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံ က Twitter မှာ အသုံးပြုသူနည်းသေးတဲ့အတွက် လောလောဆယ်အသုံးအများဆုံး Hash Tags ကတော့ #Myanmar နဲ့ #WhatshappeninginMyanmar လောက်ပဲတွေ့နိုင်ပါ သေးတယ်။ နောက်တစ်ခုကတော့ မိမိတို့ Account Name ကိုလည်း Hash Tags မှာထည့် ထားသင့်တယ်လို့ထင်ပါတယ်။ (ဥပမာ ကျွန်တော်ဆိုရင် ပို့စ်တင်တိုင်း လူအများ မြင်စေချင်တဲ့ အကောင့်ကို အမြဲ HashTags တွဲပေးပါတယ်။)
(၅) ခုတစ်ချက်ကတော့ နည်းပညာနဲ့နည်းနည်းဆိုင်ပါတယ်။ မိမိတို့ HashTags တွဲထားတာ ထိရောက်မှုရှိမရှိကို ဆော့ဖ်ဝဲ အကူအညီနဲ့ဖြစ်ဖြစ် စောင့်ကြည့်ဖို့ဖြစ်ပါတယ်။ ဒီနည်းကိုတော့ စမ်းသပ်ဆောင်ရွက်ကြည့်နေတုန်းပဲမလို့ ဒီနေရာမှာတော့ အကျယ်တဝင့် ဖော်ပြနိုင်ခြင်းမရှိသေးပါဘူး။
(၆) နောက်တစ်ခုကတော့ ဆိုရှယ်မီဒီယာမှာ အောင်မြင်ထားတဲ့သူတွေနဲ့ ထိတွေ့မှု ယူထားဖို့လိုတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ သူတို့ဟာ သင့်ရဲ့ Friend list ဒါမှမဟုတ် Follower ထဲမှာ ရှိနေခြင်းဟာ သင့်ရဲ့ ပို့စ်တွေကို ပျံ့နှံ့ဖို့အတွက် နည်းပညာအရရော ၊ အများရဲ့ အမြင်မှာပါ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ မိမိတို့တင်တဲ့ ပို့စ်နဲ့ ဆက်စပ်တဲ့သူတွေကို မိမိကအရင်ရှာပြီး သူတို့နဲ့ ချိတ်ဆက်မှုရအောင် လုပ်ရမှာဖြစ်ပါ တယ်။
(၇) Twitter Algorithm မှာ ထူးခြားတာတစ်ခုက အပြုသဘောဆောင်တဲ့ ပို့စ် များကို ပိုပြီး မျက်နှာသာပေးတယ်ဆိုတာမျိုးဖြစ်ပါတယ်။ သုတေသနပြုချက်များအရ ကွန်ပျူတာ အသိဉာဏ်တု တွေက ဘာသာစကားတွေကို ဖတ်နိုင်နေပြီဖြစ်တဲ့အတွက် အကြောင်းအရာတူပေမယ့် ရေးသားတဲ့ပုံက အပြုသဘောဆောင်သလား ၊ မဆောင်ဘူးလားဆိုတာ နဲ့ တိုင်းတာနိုင်တယ်ဆိုတာကို သတိပြုရမှာဖြစ်ပါတယ်။
(၈) ခုတင်ပြမယ့် အကြောင်းအရာက ကျွန်တော်တို့ လက်လှမ်းမီတဲ့ အကြောင်းအရာဖြစ်ပါတယ်၊ ပို့စ်ကိုစာသက်သက်တင်တာ ထက် ဓာတ်ပုံနဲ့တွဲတင်တာ ပိုပျံ့နှံ့စေပါတယ်။ အဲလိုပဲ ဓာတ်ပုံ၊ GIF ဖိုင်နဲ့ တွဲတင်တာထက်စာရင် ဗွီဒီယို ဖိုင်လေးတွဲ တင်တာပိုပျံ့စေပါတယ်။ ဗွီဒီယိုဖိုင် ဖန်တီးရာမှာ လည်း ၁၀ စက္ကန့် ကျော်လောက် စာသား၊ ဓာတ်ပုံ၊ နောက်ခံတီးလုံးမျှအောင် ဖန်တီးပေးသင့်ကြောင်း အကြံပြုထားပါတယ်။
ဆက်လက်ဖော်ပြပါမည်။