စိတ်ကောင်းရှိဖို့…

🌷အသိနဲ့အကျင့် တွဲခိုင်နေပါစေ🌷

ဘွဲထူးတွေရှိပေမယ့်လည်း
စိတ်ဓာတ်က ညံ့နေတယ်ဆိုရင်
ဘ၀က အရောင်မထွက်နိုင်ပါဘူး ။

လူ့တန်ဖိုးဆိုတာ
ရာထူးဂုဏ်ဒြပ်တွေကိုမဆိုလိုပါဘူး ။

စိတ်ကောင်းလေးကသာ
လူသားတွေရဲ့ မြတ်နိုးစရာအစစ်ပါ ။

တရားတွေတော့ အားထုတ်တယ်
လောဘဒေါသတွေ နည်းမသွားရင်
ကိုယ့်ရလာဒ်က လမ်းမမှန်သေးပါဘူး ။

မေတ္တာတွေတော့ပို့တယ်
ခွင့်မလွှတ်နိုင်သေးဘူးဆိုရင်လည်း
ကိုယ့်နည်းလမ်းက ဟန်မကျပါဘူး ။

တရားစာပေအသိတွေတော့
သင်ယူရှာဖွေနေကြတယ်
အတင်းပြောကုန်းတိုက်မနာလိုနေရင်လည်း
ကိုယ့်အသိတွေက အသုံးမ၀င်ပါဘူး ။

တကယ်တော့
လူသားတစ်ယောက်ဖြစ်လာရင်
ကိုယ်ချင်းစာတရားနဲ့ ရှင်သန်ကြရသလို

စိတ်ထားမယုတ်မာအောင်လည်း
သတိထားပြီးတော့ နေထိုင်ဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏