ရှာဖွေလေတွေ့ရှိလေ

အခုနောက်ပိုင်းမှာ နည်းပညာတွေတိုးတက်လာတာနှင့်အတူ မေးလိုရာမေး သူ့ အသိဉာဏ်အပိုင်းအခြားနဲ့သူ သိသလောက်ဖြေပေးမယ်ဆိုတဲ့ ChatGPT ထွက်ပေါ်လာခဲ့တာ အားလုံးသိပြီးသားဖြစ်မှာပါ..

သူ့မှာ အားနည်းချက် အားသာချက်တွေ ရှိနေပေမယ့် ကိုယ်နားမလည်တဲ့အကြောင်းအရာတွေကို အရှင်းဆုံးပုံစံနှင့် ပွင့်ပွင့်လင်းလင်းပြောရရင်ဗျာ လူပိန်းနားလည်တဲ့နည်းနှင့်ကို သေချာလေးဖြေပေးတာကို တွေ့ရပါတယ်.. တချို့အဖြေတွေမှာတော့ သူ့အယူအဆ ကိုယ့်အယူအဆ မတူတာတွေ ဖြစ်နိုင်ပေမယ့် အထာကျကျသုံးတတ်ရင် တော်တော်ကို အကျိုးပြုမည့် နည်းပညာလို့ယူဆရပါတယ်..

အခုထပ်ပြီး Microsoft ကုမ္ပဏီကနေ Microsoft Bing ဆိုတဲ့ မေးလိုရာမေးနိုင်မယ့် Chat AI လေးလည်း တို့နိုင်ငံကနေသုံးလို့ရနေတာကို တွေ့ခဲ့ရပါတယ်.. သူက ChatGPT ထက်ပို အသေးစိတ်တယ်လို့ပြောရမလားပဲဗျ ကိုယ်မေးလိုက်လို့ သူဖြေတဲ့ အဖြေမှာ ဘယ် Website မှာ ဘယ်လိုရေးထားပါတယ်ဆိုတာက အစ ချက်နဲ့လက်နဲ့ ဖြေပေးထားတာကိုလည်း တွေ့ရပါတယ်.. ဥပမာဗျာ ကျနော်က လက်ရှိဖြစ်ပျက်နေတဲ့ ထိုင်းရွေးကောက်ပွဲအကြောင်းမေးတယ်ဆိုရင် သူက လက်ရှိအခြေအနေနဲ့ ဘယ် Wedsite မှာ ဘယ်လိုရေးထားတယ်ဆိုတာအစ ဖြေပေးတာကို တွေ့ရပါတယ်..

တစ်ခုရှိတာက သူတို့မှာ ပိုက်ဆံပေးပြီး သုံးရင် ပိုပြီး အသုံးချလို့ရမယ့်Version တွေလည်း ရှိပေမယ့် Free ပေးထားတာလေးကလည်း တော်တော်လေးအသုံးဝင်တာကို တွေ့ရပါတယ်…

ဘာပဲဖြစ်ဖြစ် နည်းပညာကို တလွဲအသုံးမချပဲ သေသေချာချာလေ့လာမယ် အကျိုးရှိရှိအသုံးချမယ်ဆိုရင် ကိုယ့်အတွက် အများကြီးအမြတ်ကျန်နိုင်လို့ အခု မိတ်ဆက်ပေးတဲ့ Microsoft Bing လေးကို အသုံးချကြည့်ကြပါဦးလို့ အကြံပြုလိုက်ပါတယ်..

နောင်မှာလည်း အလျင်းသင့်ရင် သင့်သလို နည်းပညာ အသစ်အဆန်းလေးတွေနဲ့လည်း မိတ်ဆက်ပေးပါဦးမယ်ဗျာ…