မဟာတိပိဋကဓရ. မင်းကွန်းမထေရ်မြတ်ကြီး မိန့်ကြားခဲ့တဲ့ သူတော်ကောင်းဆိုတာ


၁။သူတစ်ဦးက မိမိအပေါ် ကျေးဇူးပြုရင် ပြုမှန်းသိခြင်းစိတ်ထဲကသာ သိမှုဆိုတဲ့ ကတညုတ။စိတ်ထဲကသိပြီးတော ကိုယ်နှုတ်တို့ဖြင့် သူ့ကျေးဇူးကိုတဖန်ပြန်၍ တုန့်ဆပ်ခြင်။ ကတဝေဒိတာ။ဤနှစ်ချက်ဖြင့် သူ့ကျေးဇူးကိုသိခြင်း ။ ။

၂။ ဆရာကောင်း သမားကောင်းတို့ဆိုတဲ့ မိတ်ဆွေကောင်းရှိခြင်း ။ ဝတ်ကျေဝတ်ကုန် တစ်ခါတလေနာမည်ကောင်းရရုံ။ ဆည်းကပ်ခြင်းမျိုး။မဟုတ်ဘဲအမြဲတစေ ဆရာကောင်း မိတ်ကောင်းတို့ကိုဆည်းကပ်ခြင်း ။

၃။ မိမိရဲ့ သူငယ်ချင်းမိတ်ဆွေ ဆင်းရဲဒုက္ခရောက်လာရင်ထိုသူငယ်ချင်းမိတ်ဆွေရဲ့ အလုပ်ကိစ္စများကို ရိုရိုသေသေ စိတ်ပါလက်ပါ ပြု့လုပ်ဆောင်ရွက်ခြင်း

ဤအင်္ဂါသုံးချက်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဟာသပ္ပုရိသ=နှလုဲးပျော့ပျောင်း သူတော်ကောင်းတဲ့။