မီးပွိုင့်ဖြတ်မောင်းတဲ့ YBS ၂၁ ယာဉ်နဲ့ အငှားယာဉ်နှစ်စီး ယာဉ်တိုက်မှုဖြစ်

လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ ပါရမီလမ်းမီးပွိင့်၌ ယမန်နေ့ (မေလ ၂၀ ရက်) ည ၁၀ နာရီအချိန်ခန့်တွင် မီးပွိုင့်ကို ဖြတ်မောင်းသည့် YBS- 21 ယာဉ်တစ်စီးနှင့် တက္ကစီယာဥ်နှစ်စီးတို့ ယာဉ်တိုက်မှုဖြစ်ပွားကာ အတိုက်ခံရသည့် အငှားယာဥ်ပေါ်မှ အမည်မသိ အမျိုးသား(၁)ဦးနှင့် အမည်မသိ အမျိုးသမီး (၁)ဦးတို့သေဆုံးခဲ့ကြောင်းသိရပြီး YBS- 21 ယာဥ်မောင်းမှာ ထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။