ခရစ္စမတ်နေ့တွင် မြန်မာ့စီးပွားရေးဘဏ်(၃) လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံရမှုကြောင့် လခရ ၂ ဦးဒဏ်ရာရ

ဒီဇင်ဘာ ၂၅ ရက် ( ခရစ္စမတ်နေ့) နံနက် ၁၁ နာရီခန့်က မန္တလေးမြိုရှိ မြန်မာ့စီးပွားရေးဘဏ် (၃)အား
လူငယ် ၂ ဦးက ဗုံးဖြင့် ပစ်ပေါက်သောကြောင့် ပေါက်ကွဲမှုဖြစ်ပွားပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း
ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြိုနယ်၊ သိရီမာလာအရှေ့ရပ်ကွက်၊ ၈၇ လမ်းနှင့် ၈၈ လမ်းကြား၊ ၂၆ လမ်းပေါ်
ရှိ မြန်မာ့စီးပွားရေးဘဏ်(၃)ကို အမည်မသိလူငယ် ၂ ဦးမှ စကူဖီးဆိုင်ကယ်အနက်ရောင်ဖြင့် ၂၆ လမ်းအတိုင်း
အနောက်မှ အရှေ့သို မောင်းနှင်လာခဲ့ပြီး ဘဏ်ရှေ့အရောက်တွင် အနောက်မှပါလာသူက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့
ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးတာဝန်ကျနေသော တပ်ဖွဲ့ဝင် ၂ ဦး ဗုံးစထိမှန်မှုကြောင့် ဒဏ်ရာရရှိ၍ နန်းတွင်း
စစ်ဆေးရုံသို ပိုဆောင်ကာ ဆေးကုမှုခံယူနေကြောင်း သိရသည်။
“ဘဏ် ၃ ကို ဆိုင်ကယ်တစ်စီးနဲ့ လူငယ် ၂ ယောက်က လက်ပစ်ဗုံးနဲ့ပစ်သွားကြတာ။ ကင်းစောင့်နေတဲ့ စစ်သား ၂
ယောက်တော့ ထိသွားတာတွေ့တယ်။ မစိုးရိမ်ရဘူးလို့လည်းကြားတယ်။ ကင်းစောင့်နေတဲ့စစ်သားတစ်ယောက်က
သေနတ်နဲ့လေးငါးခြောက်ချက်လောက် မိုးပေါ်ကို ဆက်တိုက်ပစ်ခတ်လိုက်တယ်။ ပစ်သွားတဲ့သူတွေကိုလှမ်းပစ်ရင်
မသက်ဆိုင်တဲ့ပြည်သူတွေထိမှာစိုးရိမ်လိုဆိုပြီး အပေါ်ထောင်ပစ်တာလို ပြောသံကြားတယ်။ ဗုံးပစ်မခံရခင်က လမ်းပေါ်မှာ
လူတွေအများကြီးပဲ။ စိတ်မထင်တဲ့သူကဖြစ်ချင်ရာဖြစ်ဆိုပြီး လှမ်းပစ်ရင်တော့ သေချာတယ် မဆိုင်တဲ့သူတွေပါ ထိကုန်
မှာပဲ။ ခဏနေတော့ လမ်းတွေပိတ်ဆို့ပြီး စစ်ဆေးမှုတွေလုပ်နေကြတယ်” ဟု ဘဏ်အနီးနေထိုင်သူတစ်ဦးက
MT News၏ စုံစမ်းမေးမြန်းမှုကို ယခုကဲ့သိုပြောသည်။
မန္တလေးမြို့ပေါ်တွင် လူအလွန်စည်ကားသော လမ်းတစ်လမ်းလည်းဖြစ်ပြီး စျေးချိုအနောက်ဘက်တွင်ရှိနေသောကြောင့်
စျေးလာသူပြည်သူများဖြင့်အလွန်စည်ကားနေသည့် နေရာတစ်ခုလည်းဖြစ်သည်။ သက်ဆိုင်ရာအဖွဲ့များမှလည်း အခင်း
ဖြစ်ရာနေရာသို့ ရောက်ရှိလာကြပြီး ပိတ်ဆိုကာ လိုက်လံစစ်ဆေးမှုများပြုလုပ်ကာ အမှတ် ၅ နယ်မြေရဲစခန်းတွင်
အကြမ်းဖက်ဥပဒေပုဒ်မဖြင့် လာရောက်ပစ်ခတ်သူများကို အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းလည်း ရဲအသိုင်းအဝိုင်း
နှင့်နီးစပ်သူများထံမှ သိရသည်။