ရွှေဆိုင်ကို သေနတ်ပြပြီး တစ်ဦးတည်း ဓားပြလာတိုက်သူအား ဆိုင်ဝန်ထမ်းများက ဝိုင်းဝန်းဖမ်းဆီး

ဒီဇင်ဘာ ၂၅ရက် မွန်းလွဲ ၂ နာရီခန့်က မန္တလေးမြို့တွင် ရွှေဆိုင်အတွင်းသို သေနတ်ပြပြီး တစ်ဦးတည်း ဓားပြ
လာတိုက်သူအား ဆိုင်ဝန်ထမ်းများက ဝိုင်းဝန်းဖမ်းဆီးမှု ဖြစ်ပွားခဲ့ကြောင်း သရရှိပါတယ်။
ချမ်းအေးသာစံမြိုနယ်၊ ကဉ္စနမဟီရပ် ကွက် ၇၇ လမ်း ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ နဂါးနန်းတော် စိန်ရွှေရတနာ
ဆိုင်သို အမျိုးသားတစ်ဦးရောက်ရှိလာပြီး သေနတ်ပြကာ ဆိုင်ဝန်ထမ်းများအား သေနတ်ဖြင့် ချိန်ရွယ်ပြီး ရွှေထည်
များအား အိတ်အတွင်းသိုထည့်ခိုင်းခဲ့ကြောင်း သတင်းရရှိပါတယ်။