(၇၅) နှစ်မြောက် မြန်မာ-ရုရှား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်သည့် အထိမ်းအမှတ်အနေဖြင့် မော်စကိုမြို့၌ မြန်မာပန်းယွန်းအနုပညာပြခန်း ဖွင့်လှစ်

(၇၅) နှစ်မြောက် မြန်မာ-ရုရှား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်သည့် အထိမ်းအမှတ်အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ State Museum of Oriental Art နှင့် မြန်မာသံရုံး၊ မော်စကိုမြို့တို့ ပူးပေါင်းစီစဉ်သည့် “The Light of the Golden Moon, Painted Art of Myanmar” မြန်မာပန်းယွန်းအနုပညာပြခန်း ဖွင့်ပွဲအခမ်းအနားကို မေလ ၁၈ ရက်၊ ဒေသစံတော်ချိန် ၁၇၀၀ နာရီတွင် မော်စကိုမြို့ရှိ State Museum of Oriental Art ၌ ကျင်းပခဲ့ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးမှ တက်ရောက်၍ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။

အဆိုပါ ပြခန်းတွင် မြန်မာ့ယွန်းထည်နှင့် အနုပညာပစ္စည်းပေါင်း (၁၀၀) ကျော်ကို အများပြည်သူကြည့်ရှုနိုင်ရန် မေ ၁၈ ရက်မှ ဇူလိုင် ၂ ရက်နေ့အထိ၊ ၁ လခွဲကျော်ကြာ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။