ရုရှားက ယူကရိန်းခဲယမ်းသိုလှောင်ရုံကို တိကျသောလက်နက်များဖြင့် တိုက်ခိုက်ခဲ့

ယူကရိန်းအထူးစစ်ဆင်ရေးအတွင်း ရုရှားတပ်ဖွဲ့ဝင်များသည် ရေတပ်သုံးတိကျမှုမြင့်မားသော လက်နက်များဖြင့် တိုက်ခိုက်မှုအများအပြားကို ပြုလုပ်ခဲ့ပြီး ယူကရိန်းရှိ အကြီးစားခဲယမ်းသိုလှောင်ရုံကိုမေလ ၁၆ ရက်က ဖျက်ဆီးခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး အီဂေါကိုနာရှန်ကောဗ့်က မေလ ၁၇ ရက်တွင် ပြောကြားခဲ့ပါတယ်။ မေလ ၁၆ ရက်တွင် ရုရှားတပ်ဖွဲ့များသည် နီကိုလာယက်ဗ်မြို့ရှိ သင်္ဘောပြုပြင်စက်ရုံတွင် တပ်ဆင်ထားသည့် ခဲယမ်းသိုလှောင်ရုံကို ရေတပ်သုံး တာဝေးပစ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပစ်မှတ်ကိုဖျက်ဆီးခဲ့ကြောင်း၊ ရုရှားတပ်ဖွဲ့များသည် ယင်းနေ့တွင် ကူပြာနက်ဒေသရှိ ယူကရိန်းတပ်ဖွဲ့ဝင် ၁၁၅ ဦးကို သုတ်သင်ခဲ့ပြီး ဟောင်ဝစ်ဇာတစ်လက်ကိုဖျက်ဆီးခဲ့ကြောင်း၊ သံချပ်ကာတိုက်ခိုက်ရေးယာဉ် ၂ စီး၊ မော်တော်ယာဉ် ၇ စီးနှင့် Msta-B Howitzer ၁ ခု ပါဝင်ကြောင်းပြောဆိုခဲ့ကြောင်းသိရပါတယ်။