သားဦးရတနာကို အရေးပေါ်ခွဲစိတ်မွေးဖွားခဲ့တဲ့ ပိုးကြာဖြူခင်

MRTV-4 ရုပ်သံဇာတ်လမ်းတွဲကတစ်ဆင့် ဆိုင်းမိုင်လို့ ပရိသတ်အသိအမှတ်ပြုခံထားရတဲ့ မင်းသမီး ပိုးကြာဖြူခင် ကတော့ ဒီနေ့ နိုဝင်ဘာ ၁၈ ရက်မှာ သားဦးရတနာကို အရေးပေါ် ခွဲစိတ်မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

“မိန်းမနဲ့ သားလေးရေ ကျန်းကျန်းမာမာရှိနေပေးလို့ ကျေးဇူးပါ။ စိုးရိမ်ရတဲ့ အရေးပေါ်အခြေအနေမှာ အန္တရာယ် ကင်းကင်းနဲ့ ချက်ချင်း ခွဲစိတ်ဖို့ စီစဉ်ပေးခဲ့တဲ့ အချစ်ရဆုံးသော သူငယ်ချင်း ဒေါက်တာဝေယံသူရိန်ကို အထူးကျေးဇူးတင်ရှိပါတယ် “လို့ သရုပ်ဆောင် ပိုးကြာဖြူခင်ရဲ့ခင်ပွန်းကိုထွန်းက ပရိသတ်ကိုအသိပေးခဲ့ပါတယ်။

ပိုးကြာဖြူခင်ဟာ ခင်ပွန်းဖြစ်သူ ကိုထွန်းနဲ့ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်မှာ မင်္ဂလာဆောင်ခဲ့တာဖြစ်ပြီး မင်္ဂလာပွဲကလည်း စတွေ့ချိန်ကနေရေတွက်မယ်ဆို ငါးလအတွင်း မင်္ဂလာဆောင်ခဲ့တာဖြစ်ပြီး ဒီနေ့ နိုဝင်ဘာ ၁၈ ရက်မှာတော့ သားဦးလေးရလာခဲ့တာပဲ ဖြစ်ပါတယ်။