မင်္ဂလာမနက်ခင်းလေးပါရှင်

ဘယ်အရာမှ မမြဲဘူးဆိုတဲ့
အေးချမ်းတဲ့ တရားနှလုံးသွင်းမှုနဲ့

လက်ရှိ ဖြစ်တည်မှုအနေထားကို
အကောင်းဆုံးဖြစ်အောင်
လက်ခံပြီးတော့ ကျော်ဖြတ်ပါ ။

ကံကရေးတဲ့ ဇာတ်ညွှန်းတွေဟာ
သရုပ်မဆောင်ချင်ဘူးလို့
ငြင်းပယ်နေလို့လည်းမရသလို

လောကဓံအဆိုးငွေ့ဟာလည်း
မရှူရှိက်ချင်လို့လည်း မရပါဘူး ။

သည်းခံပြင်ဆင်ပြီးတော့ပဲ
ကိုယ့်ဘဝကို နေထိုင်သွားကြရမှာပါ ။

ပြီးသွားမှာပဲဆိုတဲ့အသိနဲ့
ကိုယ့်စိတ်ကို ဖြေသိမ့်နေကြရမှာပါ ။

တရားအခံရှိတဲ့သူတွေဟာ
ဘယ်လိုဒုက္ခမျိုးကိုမဆို
အဆင်ပြေစွာ ရင်ဆိုင်နိုင်ပါတယ် ။

🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏