သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်တွင် CEBM (Batch III) ဖွင့်လှစ်မည်

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရားများကို သိရှိစေရန်၊ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းများကို တတ်သိနားလည်ပြီး အသုံးချနိုင်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ စွန့်ဦးတီထွင်မှုနှင့် စီးပွားရေးစီမံခန့်ခွဲမှုပညာအသိမှတ်ပြုလက်မှတ်သင်တန်း Certificate in Entrepreneurship and Business Management (Batch I) ကို ၁၂-၅-၂၀၂၂ ရက်မှ ၁၂-၈-၂၀၂၂ ရက်အထိလည်းကောင်း၊ (Batch II) ကို ၁၅-၂-၂၀၂၃ ရက်မှ ၁၅-၅-၂၀၂၃ ရက်အထိလည်းကောင်း Free Online Certificate Course အဖြစ် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ယခုဆက်လက်၍ Certificate in Entrepreneurship and Business Management (Batch III) ကို Free Online Certificate Course အဖြစ် ၅-၈-၂၀၂၃ ရက်မှ ၂၂-၁၀-၂၀၂၃ ရက်အထိ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဖွင့်လှစ်ပို့ချ သင်ကြားသွားမည်ဖြစ်ပါ၍ သင်တန်းတက်ရောက်လိုသူများအနေဖြင့် https://forms.gle/xWXHcaHbynxYq3eZA Link မှတစ်ဆင့် Google Form တွင် ဖြည့်စွက်ပြီး ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။